.
တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် ယနေ့ စက်တင်ဘာလ
၉ ရက်၊ နေ့လယ်ပိုင်းက အရှိန်မထိန်း နိုင်သော မော်တော်ယာဉ်မှ လမ်းလယ် ကျွန်းမျောအား
ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
“ကျွန်မတို့လည်း အသံကြားလို့ ထွက်ကြည့်တာပါ။ ဘယ်လို တိုက်သွားတယ်ဆိုတာတော့
သေချာမသိဘူး။ ကားက လမ်းလယ်ကျွန်းမျောပေါ်မှာ ခွပြီး ရောက်သွားတာပါ” ဟု အဆိုပါ နေရာအနီးတွင်
ဆိုင်ခန်းဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက
လာရောက် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် ယင်းကဲ့သို့ အရှိန်မထိန်းနိုင်ဘဲ
ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားတတ်သည့်အတွက် သတိပြုမောင်းနှင်ရန် လိုအပ်ကြောင်း
ဒေသခံများက ပြောသည်။
.