ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစု (USSFU) သည် စစ်ကောင်စီ၏ အမြောက်တပ်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်၊ ညနေပိုင်းတွင် ကြားဖြတ်တိုက်ပွဲငယ် တစ်ခု
ဖန်တီး၍ တိုက်ခိုက်ခဲ့ကြောင်း USSFU ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံး၍ အချို့ ဒဏ်ရာများ ရရှိခဲ့ပြီး တပ်ပေါင်းစုဘက်မှ
၁ ဦး ကျဆုံးခဲ့ကြောင်းနှင့် အဆိုပါ တိုက်ပွဲတွင် အမှတ်(၁၀၀၅) တပ်ရင်းက လက်လုပ်အမြှောက်များ
ဖြစ်သည့် (၁၀၀၅-မမ)နှင့် ၆၀ မမ တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။
.
ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု (USSFU)ကို (၁၀၀၅) တပ်ရင်း၊
(၁၀၀၈) တပ်ရင်း (SSRY)၊ (၁၀၀၉)တပ်ရင်း (Inle PDF)၊ ပအိုဝ်းအမျိူးသားကာကွယ်ရေးတပ်(PNDF)
နှင့် NUG လက်အောက်ခံတပ်ရင်း ၁ ရင်း စသည့် တပ်ရင်းများ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။