နောင်ချိုမြို့နယ်၌ ရဲကားနှင့် စစ်ကား မျက်နှာချင်းဆိုင် တိုက်မိရာ ရဲမေ အပါအဝင် ရဲ ၂ ဦး သေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်ချိုမြို့နယ်၌ ရဲကားနှင့် စစ်ကား မျက်နှာချင်းဆိုင် တိုက်မိရာ ရဲမေ အပါအဝင် ရဲ ၂ ဦး သေ

သင်တန်းတက်ရန် သွားရောက်သည့် ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသော အိမ်စီးကားနှင့် စစ်ကားတို့ နောင်ချိုမြို့နယ် ဘန့်ဘွေးကုန်းရွာအနီး မန္တလေး- လားရှိုးပြည်ထောင်စုလမ်းပိုင်း၌ စက်တင်ဘာလ ၂၄ ရက်တွင် မျက်နှာချင်းဆိုင် တိုက်မိပြီး ရဲမေ အပါအဝင် ရဲ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီ၏ ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမေ နှင်းဝတ်ရည်ဝင်းနှင့် ရဲအုပ် အောင်ချိုလင်းတို့ လိုက်ပါလာသောကားသည် စစ်ကားဖြင့် တိုက်မိခြင်းဖြစ်သည်။
.
"သင်တန်းပါလို့ ရမည်းသင်း ရဲသင်တန်းကျောင်းကို သွားကြတာ။ စစ်ကားနဲ့ တည့် တိုက်မိတာ။ နှင်းဝတ်ရည်ဝင်းရော၊ အောင်ချိုလင်းရော သေတယ်။ ကားလည်း ပျက်စီးသွားတယ်" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
ရဲမေ နှင်းဝတ်ရည်ဝင်းသည် ကျောက်မဲမြို့ ဇာတိဖြစ်ပြီး ၎င်းသင်တန်း တက်ရောက်မည်ကို ရဲအုပ်အောင်ချိုလင်းက ကားဖြင့် လိုက်ပို့စဥ် ယင်းကဲ့သို့ ယာဉ်တိုက်မှု ဖြစ်၍ သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်

Journal Download

Photo of three cats