.
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းက
ယနေ့ စက်တင်ဘာလ ၉ ရက်တွင် ၅၄၇ ရက်မြောက် အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြကြောင်း
သိရသည်။
.
.
ထိုသို့ ဆန္ဒပြရာတွင် “Accept NUG And Our Ambassador, Reject
Dictator” စာသားကို ကိုင်ဆောင်၍ စစ်အာဏာရှင် ကျဆုံးရေး ကြွေးကြော်ချီတက်ခဲ့ကြကြောင်း
သိရသည်။
.
ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းအား
ဆက်လက်ထားရှိရေးနှင့်၊ NUG အစိုးရနှင့် မြန်မာပြည်သူလူထုကို ထောက်ခံအသိအမှတ်ပြုပေးရန်၊
စစ်ကောင်စီကို အသိအမှတ်မပြုရန် တောင်းဆို ဆန္ဒပြခဲ့ ကြကြောင်း သိရသည်။
.