.
ယင်းမာပင်-ဆားလင်းကြီး
ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ယနေ့ စက်တင်ဘာလ ၁၉ ရက်တွင် စစ်အာဏာရှင် ကျရှုံးရေးအတွက်
ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
.
.ထိုသို့ ချီတက်ဆန္ဒပြရာတွင်
“Accept NUG And Our Ambassador, Reject Dictator” စာသားအား ကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်မှုများနှင့်အတူ
ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
.
ထို့အပြင် ဆန္ဒပြသပိတ်စစ်ကြောင်းက
“ကုလသမဂ္ဂ (UN)
၏ တာဝန်ရှိသူများအား
ဦးကျော်မိုးထွန်းကို သံတမန်ရာထူး ဆက်လက်ပေးရန်၊ NUG အစိုးရနှင့် မြန်မာပြည်သူလူထုကို
ထောက်ခံအသိမှတ်ပြုရန်နှင့် အကြမ်းဖက် စစ်ကောင်စီကို လုံးဝအသိမှတ်မပြုရန်” တို့ကိုလည်း တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း
သိရသည်။
.