.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲအမှုဖြင့် ယနေ့ စက်တင်ဘာလ ၂ ရက်တွင် စစ်ကောင်စီက
ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။
.
.ရွေးကောက်ပွဲ မဲမသမာမှု
ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ဖြင့် အမြင့်ဆုံပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် ၃ နှစ်ကို စစ်ကောင်စီက
ချမှတ်ခဲ့ခြင်းကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဩဂုတ်လ
၁၅ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ် ခဲ့ပြီး
ယနေ့ ချမှတ်သည့် ထောင်ဒဏ် ၃ နှစ် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စုစုပေါင်း ထောင်ဒဏ်
နှစ် ၂၀ ချမှတ်ခံထားရပြီးဖြစ်ကြောင်း သိရသည်။
.