စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ၌ ဒေသခံပြည်သူများ ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက်တွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့် အပြင် မြေပြင်မှလည်း စီးနင်းဝင်ရောက်၍ ပစ်ခတ် ဖမ်းဆီးမှုများကို ပြုလုပ်ခဲ့သည်။
.
ယင်းကဲ့သို့ စစ်ကောင်စီတပ်၏ လုပ်ဆောင်မှုကြောင့် စာသင်နေသော ကလေးငယ် ၇ ဦး အပါအဝင် အနည်းဆုံး အရပ်သား ၁၃ ဦး သေဆုံးခဲ့ရသည့် အပြင် ဒဏ်ရာရ ကျောင်းသား/ကျောင်းသူများနှင့် ဆရာများ စုစုပေါင်း ၂၀ ဦးကျော်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်။
.
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိသူနှင့် သေဆုံးခဲ့ရသည့် ကလေးငယ်များ၏ ဖခင်၊ မိခင်နှင့် အဖွား ဖြစ်သူတို့၏ ပြောဆိုမှုများကို တင်ဆက်ထားခြင်း ဖြစ်သည်။
မျက်မြင်သက်သေအဖြစ် ရှိခဲ့သည့် ဆရာမ၏ ပြောဆိုချက် Link - https://youtu.be/DyiZJmFakT0
သေဆုံးခဲ့ရသည့် ကလေးငယ်တစ်ဦး ဖခင် ၏ ပြောဆိုချက် Link - https://youtu.be/KrVzQQPE998
သေဆုံးခဲ့ရသည့် ကလေးငယ်တစ်ဦး မိခင် ၏ ပြောဆိုချက် Link - https://youtu.be/HJ5_FXQcfmU
သေဆုံးခဲ့ရသည့် ကလေးငယ်တစ်ဦး ဖခင် ၏ ပြောဆိုချက် Link - https://youtu.be/BgMR9km9o0U
သေဆုံးခဲ့ရသည့် ကလေးငယ်တစ်ဦး အဖွား ၏ ပြောဆိုချက် Link - https://youtu.be/rg2I13JnkJg