တောင်ကြီးတွင် ဖုန်းနှင့် ဆက်စပ်အပိုပစ္စည်းများ ဈေးတက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ဖုန်းနှင့် ဆက်စပ်အပိုပစ္စည်းများ ဈေးတက်

.

တောင်ကြီးမြို့ပေါ်တွင် မိုလ်ဘိုင်းဖုန်းနှင့် ဆက်စပ်အပိုပစ္စည်းများ ဝယ်ယူရ ခက်ခဲလာပြီး ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

.

.

လွန်ခဲ့သည့် တစ်လခန့်မှစ၍ မိုလ်ဘိုင်းဖုန်းဈေးကွက်အတွင်း ဆက်စပ်အပိုပစ္စည်း ဝင်ရောက်မှု နည်းပါးလာပြီး ရောက်ရှိလာသည့် ပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်မားစွာ ပေးဝယ်နေရကြောင်း မိုလ်ဘိုင်းဖုန်း ပြုပြင် ရောင်းဝယ်ရေး အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

.

“ဖုန်းအပိုပစ္စည်းတွေက ဈေးနှုန်းတစ်ဝက်လောက်ကို တက်သွားတာပေါ့။ အရင်က ၂၅၀၀၀ တန် ဖုန်းမှန်တစ်ချပ်က အခု ၅၀၀၀၀ လောက်အထိ ပေးဝယ်နေရတယ်။ ကျန်တဲ့ပစ္စည်းတွေလည်း အကုန်ဈေးတက်နေတော့ ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူး” ဟု ၎င်းက ပြောသည်။

.

မိုလ်ဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းအများစုမှာ တရုတ်နိုင်ငံမှ အဓိက တင်သွင်းနေရခြင်းဖြစ်ပြီး ငွေလဲနှုန်း မတည်ငြိမ်မှု နှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အဆင်မပြေမှုများကြောင်း ယင်းကဲ့သို့ ဈေးနှုန်းများ မြင့်တက်လာနေခြင်း ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ မိုလ်ဘိုင်းဖုန်း ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ နေ့စဉ် ဈေးနှုန်း မြင့်တက်လာနေ မှုကြောင့် ရောင်းဝယ်ရန် ခက်ခဲလာနေပြီး တောင်ကြီးမြို့သို့ လက်ကားရောင်းချနေသည့် အရောင်းဆိုင်အချို့မှာ အရောင်း ခေတ္တရပ်နား ထားကြောင်း သိရသည်။

.

Journal Download

Photo of three cats