မုံရွာလူထု ပင်မသပိတ်ဦးဆောင်ကော်မတီ နှင့် ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ် ကော်မတီတို့ ပူးပေါင်း၍ မုံရွာခရိုင်အတွင်းရှိ ကျေးရွာ တစ်ရွာ၌ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၏ မွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
သပိတ်စစ်ကြောင်းသည် “သူလဲကိုယ်ထူ ကိုယ်လဲသူထူနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အပြီးသတ်တိုက်ပွဲ ဆက်လက် ဆင်နွှဲကြ” စာတန်းအား ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများနှင့်အတူ ထောင်သွင်း အကျဉ်းချခံနေရသည့် ကိုဝေမိုးနိုင် အပါအဝင် တစ်နိုင်ငံလုံး၌ အဖမ်းဆီးခံ ထောင်းသွင်းအကျဉ်းကခံနေနေရသော ရဲဘော်များ အတွက်လည်း ဆုတောင်း ပေးခဲ့ကြသည်ဟု သိရသည်။