.
စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်ရဲတပ်ဖွဲ့မှူး
ယာယီဒုရဲမှူးကြီး ဝင်းနိုင်သည် ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်တွင် နားထင် သေနတ်ဒဏ်ရာဖြင့်
သေဆုံးခဲ့ပြီး စစ်သားနှင့် ရဲများအချင်းချင်း ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း
ဒေသခံ များက ပြောဆိုကြသော်လည်း ၎င်းမှာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းဖြစ်သည်ဟု စစ်ကောင်စီအသိုင်းအဝိုင်းက
သတင်း ဖြန့်ထားကြောင်း သိရသည်။
.
.ဒုတိယရဲမှူးကြီးဝင်းနိုင်သည်
ယမန်နေ့ စက်တင်ဘာ ၁၅ရက် ညနေက ၎င်း၏ ဝန်ထမ်းအိမ်ယာတွင် မိမိကိုယ်ကို နားထင်သူ
သေနတ်ဖြင့် တေ့ပစ်၍ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ရဲမှူးကြီးတစ်ဦးက ပြောဆိုထားသည်။
.
ထို့အပြင် ၎င်းသည်
စစ်ကောင်စီ၏ ဖိအားပေးမှုများကို မလွန်ဆန်နိုင်၍ သတ်သေခြင်းဖြစ်ကြောင်း ရဲအရာရှိအချို့
ကလည်း ပြောဆိုကြသည်။
.
ဒေသခံများကမူ စစ်ကောင်စီတပ်သားများနှင့်
လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချင်းချင်း ဖြစ်ခတ်ပြီး သေဆုံးခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။
.
ရေဦးသည် ယခင်က ရွှေဘိုခရိုင်အတွင်း
ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီက ခရိုင်အဆင့်ဖြစ် သတ်မှတ် ကာ ဌာနဆိုင်ရာဖွဲ့စည်းပုံများ
တိုးချဲ့ဖွဲ့စည်းနေသည့် ခရိုင်တစ်ခုဖြစ်သည်။v
.