ရေစကြိုတွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရေစကြိုတွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

.

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်.

.

.

ရေစကြိုမြို့နယ် ဇီးကုန်းကျွန်းရွာနေ အသက် ၁၁  နှစ်အရွယ် ကလေးငယ်တစ်ဦးကို စက်တင်ဘာ ၈ ရက်တွင် စစ်ကောင်စီတပ်က သေနတ်ဖြတ်ပစ်သတ်ပြီး ရုပ်လောင်းကို  မီးရှို့ သွားသည်ဟု ဒေသခံများကထံက သိရသည်။

.

အဆိုပါ ကလေးငယ်သည် ရွာအတွင်း စစ်ကောင်စီတပ်ဝင်လာစဥ် ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်ခံရ​​ခြင်းဟု ဆိုသည်။

.

စစ်ကောက်စီတပ်သည် ရေစကြိုမြို့မှ ဇီးကုန်းကျွန်းရွာအပြင် ငတရော်ရွာကိုလည်း ဖျက်ဆီးခဲ့ပြီး လယ်ယာသုံး စက်ပစ္စည်းများနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

.

Journal Download

Photo of three cats