ကျိုင်းတုံမြို့၊ ခရိုင်လူမှုဝန်ထမ်းဝင်းအတွင်းရှိ ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့၊ ခရိုင်လူမှုဝန်ထမ်းဝင်းအတွင်းရှိ ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွား

.

ကျိုင်းတုံမြို့၊ ရပ်ကွက် (၁)၊ ယန်းခမ်းအထက်ရပ်၊ ခရိုင်လူမှုဝန်ထမ်းဝင်းအတွင်းရှိ ကလေးပြုစုရေးဌာန၏ ဂိုဒေါင်တစ်လုံးတွင် ယနေ့ စက်တင်ဘာလ ၄ ရက်၊ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

ကလေးပြုစုရေးဌာန၏ အုတ်ကာ၊ သွပ်မိုး နှစ်ထပ်ဂိုထောင်သို့ သွယ်တန်းထားသည့် လျှပ်စစ်ဝါယာကြိုးမှ ဝါယာရှော့ခ် ဖြစ်ပြီး အဆောက်အဦ ခေါင်မိုး၊ မျက်နှာကျက်နှင့် ထုပ်တန်းများ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

.

[ ဓါတ်ပုံ | မောင်မောင်နိုင် ]

.

 

Journal Download

Photo of three cats