လဲချားမြို့နယ်၊ မက်လန်းကျေးရွာအနီး၌ ရှမ်းတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သည့် RCSS/SSA နှင့် SSPP/SSA တို့ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ညပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နှစ်ဘက် ထိခိုက်မှု ရှိ/မရှိ မသိရသေးသော်လည်း ဒေသခံတိုင်းရင်းသား ပြည်သူများမှာ ၂ မိုင်ခန့် အကွာရှိ လဲချားမြို့ပေါ်သို့ စစ်ဘေးရှောင်ခဲ့ကြရသည်ဟု ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
.
" ညတွင်းချင်း စစ်ရှောင်လာကြတာ သိပ်တော့ မများဘူး၊ ဒီမနက် တိုက်ပွဲ ငြိမ်သွားဝောာ့ ပြန်သွားကြပြီ။ ရှမ်းတပ်အချင်းချင်း ဖြစ်တာလို့ သိရတယ်။ ဒီမှာက ဖြစ်ရင် အချင်းချင်းပဲ ဖြစ်တာ များတယ်။" ဟု ဒေသခံ တစ်ဦးက ပြောသည်။
.
RCSS/SSA နှင့် SSPP/SSA တို့သည် အာဏာသိမ်းစစ်ကောင်စီနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ ဖြစ်ကာ ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်ကလည်း ကျေးသီးမြို့နယ်၊ မိုင်းရဲကျေးရွာအုပ်စု၊ ပန်ဟိုက် ကျေးရွာ နှင့် ခိုနမ့်တောင်ကြား၌ တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။