ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အထွက်ရှိ
ကယန်းသာယာ လမ်းဆုံအနီး၌ ယနေ့ (စက်တင်ဘာလ ၁၂ ရက်)၊ နံနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း
သိရသည်။
.
“ မနက်ပိုင်း ၉ နာရီခန့်မှ စတင်၍ ယခုအချိန်ထိ လွိုင်ကော်မြို့အထွက် ကယန်းသာယာလမ်းဆုံ
အနီးတစ်ဝိုက်တွင် ဖက်ဆစ်စစ်တပ်နှင့် မိမိတို့ တော်လှန်ရေးတပ်များ ထိတွေ့မှု ဖြစ်ပွားနေပါသည်။”
ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၂)ကလည်း အတည်ပြု ထုတ်ပြန်ထားသည်။
.
ပြည်သူများအနေဖြင့် ကယန်းသာယာသို့
ဖြတ်သန်းသွားလာသော လမ်းမကြီးနှင့် လမ်းများကို အသုံးမပြုကြသေးရန်နှင့် တိုက်ပွဲသတင်းများကို
နားစွင့်ကြရန်ကိုလည်း KNDF တပ်ရင်း(၂)က တိုက်တွန်းထားသည်။
.