မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်၌ ထိုးစစ်ဆင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် မဟာမိတ် တပ်ပေါင်းစုတို့ ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက် ကျဆုံးမှုများ ရှိကြောင်း သိရသည်။
.
မဟာမိတ် တပ်ပေါင်းစုတွင် MBPDF (1001) တပ်ရင်း၊ MBPDF (1007)တပ်ရင်း၊ ဖယ်ခုံ PDF (B-01)၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO (1102) တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ နှင့် URF တို့ ပါဝင်ကြောင်း သိရသည်။
.
တိုက်ပွဲမှာ နံနက် ၃ နာရီခွဲမှ ည ၆ နာရီထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အများအပြား သေဆုံးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု MBPDF က ထုတ်ပြန်ထားသော်လည်း အရေအတွက်ကိုမူ ဖော်ပြမထားပေ။
.
ထို့အတူ မဟာမိတ်တပ်ပေါင်းစုဘက်မှ ၄ ဦး အသေးစားဒဏ်ရာ၊ ၃ ဦး စိုးရိမ်ရဒဏ်ရာ ရရှိပြီး ၂ ဦး ကျဆုံးခဲ့သည်ဟု MBPDF က ထုတ်ပြန်ထားသည်။
.
မဟာမိတ်တပ်ပေါင်းစု အနေဖြင့် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှု ကို ဆက်လက် တောင့်ခံနေဆဲဖြစ်ကြောင်း သိရသည်။