.
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင်
ယနေ့ စက်တင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် နဂါးနီစစ်ကြောင်းတို့ တစ်နာရီခန့်
ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.ကြာအင်းဆိပ်ကြီးမြို့နယ်၊
တဂေးရွာ နှင့် ခုတ်ခွားစခန်းကြားသို့ နယ်မြေရှင်းလင်းရေးပြုလုပ်ရန် ကြိုးစားလာသည့်
စစ်ကောင်စီ၏ စကခ (၁၃) လက်အောက်ခံ ခမရ (၃၅၈) နှင့် ခမရ (၅၅၆) ခန့်မှန်းအင်အား ၁၀၀ ကျော်ကို
နဂါးနီစစ်ကြောင်း နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များ
မှ နံနက် ၈ နာရီခွဲ မှ ၉ နာရီခွဲခန့် အထိ ထိပ်တိုက်တွေ့ဆုံ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း
နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
.
အဆိုပါတိုက်ပွဲအတွင်း
စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကာ နဂါးနီစစ်ကြောင်းနှင့် KNLA ပူးပေါင်းအဖွဲ့မှ ထိခိုက်မှုတစ်စုံတစ်ရာ
မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
.