ခေါဇာ ရဲစခန်းမှူး ပါသည့် ယာဉ်ကို ရေးဘီလူးအဖွဲ့တိုက်ခိုက်ရာ စခန်းမှူး အပါအဝင် ၃ ဦးသေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ခေါဇာ ရဲစခန်းမှူး ပါသည့် ယာဉ်ကို ရေးဘီလူးအဖွဲ့တိုက်ခိုက်ရာ စခန်းမှူး အပါအဝင် ၃ ဦးသေ



မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ စစ်ကောင်စီ ရဲစခန်းမှူး လိုက်ပါလာသည့် မော်တော်ယာဉ်ကို ယနေ့ စက်တင်ဘာလ ၃၀ ရက်၊ နံနက်တွင် ရေးဘီလူးအဖွဲ့က တိုက်ခိုက်ခဲ့ရာ စခန်းမှူး အပါအဝင် ၃ ဦး သေဆုံးခဲ့‌ပြီး လက်နက်များ သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

.

ခေါဇာမှ ရေးမြို့သို့ တက်လာသည့် မော်တော်ယာဉ်ကို ရေးမြို့နယ်၊ ကဗျာကြီးကျေးရွာ အနီးတွင် လမ်းကြောင်းပိတ်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ ရဲများ ကိုင်ဆောင်သည့် BA 63 သေနတ် ၂ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ခဲယမ်းများနှင့် ရဲအသုံးအဆောင်များကို ရေးဘီလူးအဖွဲ့က သိမ်းဆည်း ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ရေးဘီလူးအဖွဲ့အနေဖြင့် ယခင်ကလည်း ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာ နေရာများ၊ စစ်ကောင်စီ လက်ပါးစေ သတင်းပေးများကို တိုက်ခိုက်ရှင်းလင်းခဲ့ဖူးပြီး ထိုစဉ်ကလည်း လက်နက်ခဲယမ်းများ ရရှိခဲ့ဖူးကြောင်း သိရသည်။

Journal Download

Photo of three cats