.
မြို့တော် တောင်ကြီးတွင်
အွန်လိုင်းမှ အပါအဝင် ပုံစံအမျိုးမျိုးဖြင့် ငွေကြေးလိမ်လည်မှု များပြားလာနေကြောင်း
ဒေသခံများထံက သိရသည်။
.
.
“ကျွန်မတို့ကပစ္စည်း
Delivery လုပ်တာပေါ့။ စက်တင်ဘာ
၁၀ ရက် နံနက်ပိုင်းမှာ အမျိုးသမီးတစ်ယောက် ဖုန်းဆက်လာပြီး ပစ္စည်းတစ်ခု သွားယူခိုင်းတယ်။
ယူရမယ့်နေရာရောက်တော့ ယူခိုင်းတဲ့အမျိုးသမီးနဲ့ အိမ်ရှင်နဲ့ ဖုန်းပြောလို့ စောင့်ပေးနေရတယ်။
ခဏလောက်ကြာတော့ အိမ်ပိုင်ရှင် အမျိုးသားက ကျွန်မတို့ဆီကနေ ပစ္စည်းယူခိုင်းတဲ့ အမျိုး
သမီးပေးလိုက်တဲ့ ပိုက်ဆံ ဆယ်သိန်း သူ့ကို ပေးဖို့တောင်းတယ်။ အဲဒီအမျိုးသမီးကို K
Pay ကနေ ဆယ်သိန်းလွဲလိုက်ပြီတဲ့။ ကျွန်မတို့က
ပစ္စည်းလာယူခိုင်းလို့လာတဲ့ Delivery တွေလို့ ပြောတော့ သူတို့အလိမ်ခံလိုက်ရမှန်းသိတာ။
ပစ္စည်းပို့တဲ့လူကိုပိုက်ဆံပေးခိုင်းလိုက်တယ် လို့ပြောပြီး ဟိုအမျိုးသမီးက ငွေလိမ်သွားတာ
ဟု Deleviry ပို့ဆောင်သူ အမျိူးသမီးတစ်ဦးက
ပြောသည်။
.
ဘဏ်များတွင် ငွေကြေးထုတ်ယူရန်
ခက်ခဲနေသည့်အတွက် ပြင်ပတွင် ရာခိုင်နှုန်းဖြင့် ငွေလဲလှယ် နေကြရသည့် အတွက် ငွေကြေးလိမ်လည်မှုများ
ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
.
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်
KBZ Pay အပါအဝင် အွန်လိုင်း
ငွေထုတ်ယူများတွင် အခက်အခဲ ဖြစ်ပေါ်လာသည့် အတွက် ယင်းကဲ့သို့ လိမ်လည်မှုများလည်း ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း
သိရသည်။
.