.
ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ကော်သူးလေအုပ်ချုပ်မှုနယ်မြေတွင်
ပြီးခဲ့သည့် ဩဂုတ်လတစ်လအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း
၂၆၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၃၃၃ ဦးသေဆုံးကာ ၂၆၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ တိုက်ပွဲများအတွင်း KNLA နှင့် KNDO တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးပြီး
၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။
.
စစ်ကောင်စီတပ်များနှင့် နယ်ခြားစောင့်တပ် (BGF)
တပ်များသည် ပြည်သူနေထိုင်ရာကျေးရွာများ၊ လုပ်ငန်းခွင်များ အတွင်းသို့
လက်နက်ကြီး ၃၇၃ လုံးပစ်ခတ်ခဲ့ပြီး တိုက်လေယာာဉ်၊ ရဟတ်ယာဉ်
များဖြင့် ၁၂ ကြိမ် ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၉ ဦး သေဆုံးပြီး ၁၆
ဦး ဒဏ်ရာရရှိခဲ့ကာ ပြည်သူ ၉၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း
သိရသည်။
.