မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့နေ

မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာသို့ ယနေ့ စက်တင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်စီးနေကြောင်း သိရသည်။
.
အာဏာသိမ်းစစ်ကောင်စီတပ် စစ်ကြောင်းသည် စစ်ကား ၃ စီး အင်အားအပြည့်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိလာပြီးနောက် နေ့လယ် ၁၁ နာရီခွဲခန့်၌ ပြည်သူပိုင်နေအိမ်များကို စတင် မီးရှို့နေခြင်း ဖြစ်သည်ဟု သိရသည်။
.
" ကြာပိုင်ရွာဘက်က‌နေ ထနောင်းတော မြောက်ရွာကို ရောက်လာတာ။ ခုတော့ မီးရှို့နေပြီ။ ဘယ်လောက် အရှို့ခံရလဲတော့ မသိရသေးဘူး။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
စစ်ကောင်စီ စစ်ကြောင်းများ ဝင်ရောက်နေသဖြင့် မုံရွာ-အမြင့်လမ်းအား အသုံးပြုခြင်း မပြုသေးဘဲ မည်သည့်ယာဥ်မျှ မဖြတ်သန်းကြရန်နှင့် အခြေအနေများအေးချမ်းမှသာ လမ်း အသုံးပြုကြရန် မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြည်သူများသို့ သတိပေးထားသည်။

Journal Download

Photo of three cats