.
ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်းသို့
မြန်မာစစ်ရဟတ်ယာဉ်များ ကျူးကျော်ခြင်း၊ မြန်မာဘက်မှ လက်နက်ကြီးများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့
ကျရောက်ခြင်းတို့ကြောင့် မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ယမန်နေ့ စက်တင်ဘာလ
၄ ရက်တွင် ဆင့်ခေါ်ကန့်ကွက်ခဲ့ကြောင်း သိရသည်။
.
![]() |
ဓါတ်ပုံ - မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်နေရာ |
စက်တင်ဘာလ ၃ ရက်၊ စနေနေ့က
မြန်မာဘက်မှ ပစ်ခတ်သည့် မော်တာကျည်ဆန် ၂ ခု ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျရောက်ခဲ့ပြီး
နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဆင့်ခေါ်၍
ပြင်းပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများတွင် ဖော်ပြထားသည်။
.
အလားတူ ဩဂုတ်လ ၂၁ ရက်နှင့်
၂၈ ရက်များက မြန်မာဘက်မှ ပစ်ခတ်သည့် လက်နက်ကျည်များ ကျရောက်မှုနှင့် ပတ်သက်၍ မြန်မာသံအမတ်ကြီး
ဦးကျော်မိုးထွန်းကို ၂ ကြိမ်တိုင်တိုင် ဆင့်ခေါ်ကန့်ကွက်ခဲ့ပြီးဖြစ်ကာ ယခု တတိယ အကြိမ်မြောက်အဖြစ်
ထပ်မံ ဆင့်ခေါ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
.
ရက္ခိုင့်တပ်တော်
(AA)က သိမ်းယူထားသည့် မိုင်တိုင်အမှတ်
(၄၀) ကို စစ်ကောင်စီတပ်များ ပြန်လည်ရယူရန် ကြိုးပမ်း ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ပိုင်နက်အတွင်းသို့ မော်တာကျည်များ ကျရောက်ခဲ့သည့်အပြင် မြန်မာစစ်ရဟတ်ယာဉ်များ လေကြောင်းပိုင်နက်
ချိုးဖောက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့မှုကြောင့် ဘင်္ဂလားဒေ့ရ်က
ခေါ်ယူ သတိပေးခြင်းဖြစ်ကြောင်း သိရသည်။
.