.
ကရင်နီ (ကယား) ပြည်နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း တိုက်ပွဲ
၄၆ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄၀ ဦး သေဆုံး၍ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျုးသားများကာကွယ်ရေးတပ်
(KNDF) က ယနေ့ စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
.
.
စစ်ကောင်စီတပ်များသည် ဩဂုတ်လအတွင်း ဖရူဆိုမြို့မှ
ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့အထိ စစ်ရေးအရ
ထိန်းချုပ်နိုင်ရန်ကြိုးစားလျက်ရှိပြီး ဒီးမော့ဆိုမြို့နယ်နှင့်
ဖရူဆိုမြို့နယ်တို့တွင် တပ်ဖြန့်စစ်ကြောင်းထိုးခဲ့ရာ သြဂုတ် ၂၂ ရက်တွင်
ဒီးမောဆိုမြို့နယ် ထူလွှီးဘီလာ ကျေးရွာအနီးရှိ သဲတောင်အနီးတွင်
စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA)နှင့် KNDF B10တို့
ထိတွေ့တိုက်ပွဲ (၁၅)မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ထို့အတူ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအတွင်း
တပ်စွဲထားသော စစ်ကောင်စီတပ်များကို KNDF
- B05 မှသွားရောက် တိုက်ခိုက်ခဲ့ရာ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ
ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။
.
ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်ရင်း၏ ကင်းပုန်းစခန်းတခုအား
သြဂုတ် ၂၄ ရက်တွင် ကရင်နီတပ်မတော် (KA)
နှင့် KNDF B10
တို့မှ ရှောင်တခင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ထို့အပြင် စံပြ(၆)မိုင်ကျေးရွာအနီးရှိ တောင်ပေါ်တွင်
စခန်းချနေသော အကြမ်းဖက်စစ်ကောင်စီတပ်များကို သြဂုတ် ၂၆ ရက် နံနက်ပိုင်းက KNDF -B09 မှ တိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီတပ်ဖွဲ့မှ ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။
.
ဘောလခဲမြို့နယ်တွင်လည်း သြဂုတ် ၂၅ ရက်နှင့် ၂၇ ရက်တို့တွင်
မက်စလောင်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA) နှင့် KNDF B16 မှ
ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ဖက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
.
ဘောလခဲမြို့နယ်အတွင်းရှိ ပွန်းချောင်း တံတားထိပ်
စစ်ကောင်စီတပ်စခန်းအား သြဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ကရင်နီတပ်မတော် (KA) နှင့် KNDF B21 တို့မှ
ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ရှားတောမြို့နယ် ပွန်ချောင်းကျေးရွာအနီးရှိ
စစ်ကောင်စီ၏ပွန်ချောင်းစခန်းအား ကရင်နီတပ်မတော်(KA) နှင့် KNDF
-B14 တို့မှ သြဂုတ် ၂၇ က်တွင် တနေကုန်နီးပါး ခြောင်းမြောင်းတိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီတပ်ဖွဲ့မှ ၂ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
.
ဖယ်ခုံမြို့နယ်၊ ပုံပင်နှင့် လွယ်ဝှဲ ကျေးရွာအနီးရှိ
စစ်ကောင်စီခြေကုပ် စခန်းအား သြဂုတ် ၃၀ ရက်တွင် KNDF -B03၊ SSRY
နှင့် PKPDF မှပူးပေါင်း၍
ပြောက်ကျားတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သည် ကရင်နီ (ကယား) ပြည်နယ်တွင် ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု
၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံး ၃၂ လုံးကို လူနေရပ်ကွက်များအတွင်းသို့ ကြဲချခဲ့ကြောင်း
KNDF
၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး
တိုက်ခိုက်မှုတို့ကြောင့် ပြည်သူ ၅ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိကာ ဆေးပေးခန်း ၁ လုံးနှင့်
နေအိမ် ၉ လုံး၊ စေတီ ၁ ဆူ ပျက်စီးခဲ့ကြောင်း သိရသည်။
.
ထို့အပြင် သြဂုတ်လ နောက်ဆုံးပတ်တွင် စစ်ကောင်စီ တပ်သား ၄ ဦး
KNDF ထံ CDM ပြုလုပ်ကာ
လာရောက်ပူးပေါင်း ခဲ့ကြောင်းလည်း KNDF က ထုတ်ပြန်ထားသည်။
.