မိုးဗြဲမြို့မှ ပြန်လည်ဆုတ်ခွာလာ စစ်ကောင်စီတပ်များသည် ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြိုနယ် မိုးဗြဲ-နန်းမယ်ခုံ လမ်းမပေါ်၌ စက်တင်ဘာလ ၁၃ ရက်တွင် ပဒေသာမိုင်းများကို နင်းမိပြီး သေဆုံးမှုများ ရှိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၇) က ထုတ်ပြန်သည်။
.
အဆိုပါ ပဒေသာမိုင်းများကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၇)က ထောင်ထားခြင်း ဖြစ်ပြီး မိုင်းနင်းမိခြင်းကြောင့် စစ်ကောင်စီတပ်မှ တပ်သား ၇ ဦးခန့် သေဆုံးခဲ့ကြောင်း KNDF တပ်ရင်း (၇) က ဆိုသည်။
.
ထို့အတူ အဆိုပါနေ့တွင်ပင် KA နှင့် KNDF တပ်ရင်း(၇) တို့ ပူးပေါင်း၍ ဒီးမော့ဆိုမြိုနယ် ဆင်မတောင်ပေါ်၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး ကျဆုံး၍ ဒဏ်ရာအချို့ ရရှိခဲ့ကြောင်းနှင့် KNDF ဘက်မှ ၁ ဦး အသေးစား ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
.
Link - https://youtu.be/CIHkpkAa_Gk