ပင်းတယတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ဖောက်ထွင်းခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်းတယတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ဖောက်ထွင်းခံရ

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ် ဖောက်ထွင်းခိုးယူခံရပြီး ဆိုင်ကယ်တစ်စီး ပါသွားခဲ့ကြောင်း သိရသည်။

.

.

ပင်းတယမြို့၊ ဆူးဘိုလ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ် ခြံဝင်းတံခါးကို သော့ဖျက်၍ ခိုးယူသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

ထို့အတူ ပင်းတယမြို့ရှိ ပြည်သူ့ဆေးရုံလည်း ဖောက်ထွင်းခံခဲ့ရပြီး ပစ္စည်းပါသွားခြင်းမရှိခဲ့ကြောင်း သိရသည်။

.

ပြီးခဲ့သည့် သြဂုတ်လမှစ၍ ပင်းတယမြို့ရှိ မြို့မစျေးအပြင်ဘက်ခြမ်း ဆိုင်ခန်းအများစုမှာ ဆက်တိုက် ဖောက်ထွင်း ခိုးယူခံခဲ့ရသည်ဟု သိရသည်။

.

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်အတွင်းရှိ မြို့ရွာဒေသအသီးသီးတွင် နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းခိုးယူခံရမှု၊ ဆိုင်ကယ်ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားနေပြီး စားဝတ်နေရေး ကြပ်တည်းလာမှုနှင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများက ငွေကြေးရယူ၍ လောင်းကစားဝိုင်းများ ဖွင့်လှစ်ခွင့်ပြုခြင်းတို့ကြောင့် ယင်းကဲ့သို့ ဒုစရိုက်မှုများ များပြားလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

Journal Download

Photo of three cats