.
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊
လက်ယက်ကုန်းကျေးရွာတွင် စာသင်နေသည့် ကလေးငယ်များကို လေကြောင်းအပြင် မြေပြင်မှ တိုက်ခိုက်သတ်ဖြတ်မှုနှင့်
ပတ်သက်၍ တောင်ကိုရီးယားပြည်သူများက စစ်ကောင်စီကို ဓါတ်ပုံကမ်းပိန်း ပြုလုပ်၍ ကန့်ကွက်လျက်ရှိကြောင်း
သိရသည်။
.
.“ငါသည် ကလေးတွေကို
သတ်ဖြတ်သည့် မြန်မာစစ်တပ်ကို လုံးဝ ခွင့်မလွှတ်” ဟု ကိုရီးယားဘာသာဖြင့် ရေးသား ထားသည့်
စာသားကို ကိုင်ဆောင်ထားပြီး အွန်လိုင်းဓာတ်ပုံ ကမ်ပိန်းကို ပြုလုပ်နေကြခြင်းဖြစ်သည်။
.
ကမ်ပိန်းဦးဆောင်သူ
ကိုရီးယားပြည်သူတစ်ဦးက ကလေးငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းကို ပစ်မှတ်ထား
တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်၏ လုပ်ရပ်မှာ လူမဆန်၊ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှု
ကျူးလွန်ခြင်းဖြစ်ပြီး ယင်းကဲ့သို့ အပြစ်မဲ့ကလေးများကို အစုလိုက် အပြုံလိုက်
သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ဓာတ်ပုံကမ်ပိန်း ပြုလုပ်ရခြင်းဖြစ်ကြောင်း
ပြောဆိုထားသည်။
.
ပြီးခဲ့တဲ့
စက်တင်ဘာ ၂၅ ရက်ကလည်း ကိုရီးယားရောက် မြန်မာများနှင့် ကိုရီးယားနိုင်ငံသားများ
စုပေါင်းပြီး စစ်ကောင်စီတပ်ကို ကန့်ကွက်ရှုတ်ချ ချီတက်ဆန္ဒပြပွဲများကို
ဆိုးလ်မြို့ရှိ စစ်သံရုံးနှင့် မြန်မာသံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။
.
ပဲယင်းမြို့နယ်၊
လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို အာဏာသိမ်းစစ်တပ်က
ပစ်ခတ်တိုက်ခိုက် ခဲ့မှုကြောင့် ကလေး ၁၁ ဦး အပါအဝင် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ခြင်းဖြစ်ပြီး
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အပါအဝင်
နိုင်ငံတကာအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများကလည်း
ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားကြသည်။
.