.
လွိုင်လင်ခရိုင်၊
နမ့်စန်မြို့ရှိ စစ်ကောင်စီ၏ နမ့်စန်လေတပ်မှ တပ်ကြပ်စာရေးတစ်ဦး ယမန်နေ့ ဩဂုတ်လ ၃၁ ရက်၊
ညပိုင်းက အဆိုပ်သောက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.သေဆုံးသူမှာ တပ်ကြပ်စာရေး
ချမ်းငြိမ်း ဆိုသူဖြစ်ပြီး မြန်မာ့ဩဘာ ပေါင်းသတ်ဆေးသောက်ကာ ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိပ်သောက်ပြီးနောက်
သွေးအန်နေသည်ကို တွေ့ရှိသဖြင့် ၎င်းကို နမ့်စန်ဆေးရုံမှ တစ်ဆင့် အောင်ပန်းမြို့ရှိ
ကုတင် (၇၀၀) စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ညသန်းခေါင်ယံအချိန်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
တပ်ကြပ်စာရေး
ချမ်းငြိမ်း၏ မိသားစုသည် တပ်တွင်းမနေဘဲ အပြင်တွင်နေထိုင်သူများဖြစ်ပြီး ၎င်းသည် မိသားစု၊
ပြဿနာ၊ စီးပွားရေးပြဿနာ မရှိသူဖြစ်ကြောင်းနှင့် သေဆုံးချိန်တွင် ဇနီးနှင့် ၉ လအရွယ်
သမီးတစ်ဦးတို့ ကျန်ရစ် ခဲ့ကြောင်း သိရသည်။
.