တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အရှေ့မြို့ပတ်လမ်း၌ ယနေ့ စက်တင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းတွင် ဘိလပ်မြေဖျော်စက်တင်ယာဉ် က အရှန် မထိန်းနိုင်ဘဲ မော်တော်ဆိုင်ကယ်ကို ဝင်တိုက်ပြီးနောက် တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်း ၂ ဦးလုံး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
.
ဘိလပ်မြေဖျော်စက်တင် မော်တော်သည် ဘိလပ်မြေကွန်ကရစ် တင်ဆောင်၍ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်ရှိ မော်တော်ဆိုင်ကယ်အား ဝင်တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူတွင် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဘိလပ်မြေဖျော်စက်တင် ယာဉ်မောင်းလည်း ခေါင်းခန်းအတွင်း၌ ညပ်ကာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
ခေါင်းခန်းအတွင်း ညပ်နေသည့် ဘိလပ်မြေဖျော်စက်တင် ယာဉ်မောင်းကို မီးသတ်တပ်ဖွဲ့က ကူညီကယ်ဆယ်ပြီးနောက် ဒဏ်ရာ ရသူများကို ကြက်ခြေနီအသင်းက တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။