မိုးဗြဲတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးဗြဲတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်

မိုးဗြဲမြို့၌ ယနေ့ စက်တင်ဘာလ ၂၄ ရက်တွင်လည်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် မဟာမိတ် တပ်ပေါင်းစုတို့ တိုက်ပွဲ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်၌ ထိုးစစ်ဆင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် MBPDF (1001)၊ MBPDF (1007)၊ ဖယ်ခုံ PDF (B-01)၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO (1102) တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KGZ၊ URF တို့ ပါဝင်သည့် မဟာမိတ် တပ်ပေါင်းစုတို့ တိုက်ပွဲ ဆက်လက် ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
.
တိုက်ပွဲမှာ နံနက် ၁၁ နာရီခွဲမှ ညနေ ၅ နာရီခွဲထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုများ ရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ မဟာမိတ်တပ်ပေါင်းစုဘက်မှ ၅ ဦး အသေစားဒဏ်ရာ ရရှိခဲ့သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MBPDF) က ထုတ်ပြန်သည်။
.
လက်ရှိတွင် စစ်ကောင်စီတပ်က တာဝေးပစ်လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်နေလျက် ရှိပြီး မဟာမိတ်တပ်ပေါင်းစုအနေဖြင့် စစ်ကောင်စီ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ဆက်လက်တောင့်ခံနေဆဲ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats