ဖယ်ခုံမြို့နယ်တွင် လက်နက်ကြီးကျည် ထိမှန်၍ အမျိုးသားတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖယ်ခုံမြို့နယ်တွင် လက်နက်ကြီးကျည် ထိမှန်၍ အမျိုးသားတစ်ဦး သေဆုံး

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆောင်ကမ်းကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းက အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။

.

.

သေဆုံးသူသည် ဖယ်ခုံမြို့နယ်၊ ဆောင်ကမ်းကျေးရွာနေ ဦးဂျူးလျို့ ဆိုသူ လယ်သမားတစ်ဦးဖြစ်ပြီး ၎င်းသည် ယနေ့ စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ် ၁ နာရီခန့်က လယ်ယာလုပ်ငန်း လုပ်ကိုင်နေစဉ် လက်နက်ကြီးကျည် ထိမှန်သေဆုံး ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ရှမ်း-ကယား နယ်စပ် ဖယ်ခုံ၊ မိုးဗြဲမြို့များတွင် စစ်ကောင်စီတပ်နှင့် ကရင်နီ ဒေသကာကွယ်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ယခုကဲ့သို့ ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

.

 

Journal Download

Photo of three cats