ကရင်နီ (ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း၌ ကရင်နီပူးပေါင်းတပ်ဖွဲ့က ၃ ရက်အတွင်း ပြုလုပ်ခဲ့သည် ပစ်ခတ် တိုက်ခိုက်မှု ရုပ်သံမှတ်တမ်းကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၁၅)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
.
ဖရူဆိုမြို့နယ် ဒေါညေခူကျေးရွာအတွင်း တပ်စွဲ ထားသော စစ်ကောင်စီတပ်အား စက်တင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းတွင် KNDF တပ်ရင်း(၁၅)၊ တပ်ရင်း(၁၄)နှင့် KA ကေးလျားမြို့နယ်တပ် တို့မှ ပူးပေါင်း တိုက်ခိုက်ရာ တိုက်ပွဲကြာချိန် တစ်နာရီအတွင်း စစ်ကောင်စီဘက်မှ ၃ ဦးသေ၍ ၄ ဦး ထက် မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ ထီးသော်ကူးကျေးရွာ အရှေ့ဘက် တောင်ပေါ် ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား KNDF တပ်ရင်း(၁၅) မှ စက်တင်ဘာလ ၁၂ ရက် နံနက်တွင် Drone ဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အနည်း ဆုံး ၂ ဦး ထိခိုက်ခဲ့ကြောင်းနှင့် ထီးပေါ်ဆိုကျေးရွာ၊ ဒေါညေခူ ကျေးရွာနှင့် ကဒါးလားကျေးရွာတို့၌ KA ၊ KNDF တပ်ရင်း(၁၅)၊ တပ်ရင်း(၄)တို့ စက်တင်ဘာလ ၁၄ ရက်တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီ၏ ကားတစ်စီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး၏ ကတ်ပြားများကို တွေ့ရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။