ဖားကန့်တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲနှင့် စစ်ကောင်စီတပ် ကျရှုံးရေး ဆန္ဒပြသပိတ် ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖားကန့်တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းထောက်ခံပွဲနှင့် စစ်ကောင်စီတပ် ကျရှုံးရေး ဆန္ဒပြသပိတ် ပြုလုပ်

.



.

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ စက်တင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် NUG/PDF/KIA ထောက်ခံပွဲနှင့် စစ်ကောင်စီတပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

ထိုသို့ ဆန္ဒပြရာတွင် “အမှန်တရားဘက်က ရပ်တည်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပါတယ်၊ KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့မင်း အောင်လှိုင်အဖွဲ့ အသေဆိုး နဲ့သေပါစေ၊ စစ်ခွေးတွေ ကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့၊ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ ပြည်သူတွေ ချက်ချင်းလွတ်၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည်” စသည့် ကြွေးကြော်သံများကို ကြွေးကြော်ပြီး ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

.

 

Journal Download

Photo of three cats