.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊
ထီရီးကျေးရွာတွင် စက်တင်ဘာလ ၆ ရက်၊ ညနေပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့်
ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
.
.ထီရီးကျေးရွာတွင် အိမ်ထောင်ကျနေသော တောင်ပို့ကွဲ
မြောက်ကျေးရွာနေ အောင်စိန် (ခ) အိုက်တော သည် စက်တင်ဘာလ ၆ ရက်၊ ညနေ ၄
နာရီအချိန်ခန့်က ပုံးလောကျေးရွာဘက်မှ ပြန်လာစဉ် စန့်စွဲကျေးရွာအနီးတွင်
ဦးခေါင်းကို သေနတ်ဖြင့် တေ့၍ ပစ်သတ်ခံရခြင်းဖြစ်ကာ ၎င်းတွင် ဇနီးဖြစ်သူနှင့် ၇
နှစ်အရွယ် သားဖြစ်သူတို့ ကျန်ခဲ့ကြောင်း သိရသည်။
.
ချဲ အခွန် မဆောင်ခြင်း၊ ချဲ
မလျော်ခြင်းတို့ကြောင့် ထီရီးစခန်းမှ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့က
အောင်စိန်(ခ)အိုက်တော ကို ပစ်သတ်သွားခြင်း ဖြစ်သည်ဟု ဒေသခံအချို့၏ ပြောဆိုမှုအရ
သိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
.
အဆိုပါ ဒေသများတွင် ချဲထီရောင်းချသူများမှာ PNO
ထံ အခွန်ဆောင်ရပြီး မဆောင်သူများကို PNO က
ဖမ်းဆီး ရိုက်နှက်မှုများ၊ သတ်ဖြတ်မှုများ ရှိနေကြောင်း သိရသည်။
.