​​​​‌တောင်ကြီးတွင် ကားဘက်ထရီ ဖြုတ်၍ ခိုးယူခံရမှု များလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​​​‌တောင်ကြီးတွင် ကားဘက်ထရီ ဖြုတ်၍ ခိုးယူခံရမှု များလာ

တောင်ကြီးမြို့ပေါ်၌ ယခု ရက်ပိုင်းအတွင်း မော်တော်ယာဉ်တွင် တပ်ဆင်ထားသည့် ဘက်ထရီများ ဖြုတ်၍ ခိုးယူခံရမှု များပြားလာ‌နေကြောင်း သိရသည်။

.

မြို့ပေါ် လမ်းဘေးတွင် ရပ်ထားသည့် မော်တော်ယာဉ်များ နှင့် အထပ်မြင့်တိုက်များ၏ အောက်၊ အနီးဝန်းကျင်တွင် ရပ်ထားသည့် မော်တော်ယာဉ်များမှ ဘက်ထရီများမှာ ပိုမို ခိုးယူခံနေရခြင်း ဖြစ်ကြောင်း သိရသည်။

.

" အခိုး ခံရတာကတော့ ညပိုင်းအချိန်တွေ များတယ်။ အထပ်မြင့်တိုက်တွေ နားမှာ ရပ်ထားတဲ့ ကားတွေဆို ဘက်ထရီအိုးတွေ‌ရော ကားဘေးမှန်တွေပါ ခဏခဏ အခိုးခံနေရတာ။ ကျွန်တော် နေတဲ့ တိုက်နားမှာတင် ကားရပ်ထားတာ၊ ဒီနေ့မနက် ကြည့်တော့မှ ဘက်ထရီ ပါသွားမှန်း သိတာ။ တိုင်ဖို့ စိတ်ကူး မရှိပါဘူးထ တိုင်ရင် တိုင်ချက်ကဆိုပြီး ငွေ ကုန်ရုံအပြင် ဘာမှ ထူးမှာ မဟုတ်ဘူး။ " ဟု ကားဘက်ထရီ ခိုးယူခံရသူ တစ်ဦးက ပြောသည်။

.



တောင်ကြီးမြို့ပေါ်တွင် ယာဉ်ရပ်နားရန် နေရာ အလုံမလောက် မရှိသဖြင့် မော်တော်ယာဉ်များကို သင့်လျော်ရာ နေရာတွင် ရပ်ထားရခြင်းကြောင့် ယခုကဲ့သို့ အလွယ်တကူ ခိုးယူခံနေရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

.

ဟိုက်ဂျက်၊ ကန်တာ၊ လိုက်ထရပ် စသည့် ယာဉ်များ အပါအဝင် ဘက်ထရီ ဖြုတ်ရ လွယ်ကူသော ယာဉ်များတွင် အများဆုံး ခိုးယူခံနေရခြင်း ဖြစ်ပြီး အခြားသော မော်တော်ယာဉ် အစိတ်အပိုင်းများပါ ခိုးယူ ခံနေရ‌သော်လည်း ခိုးယူသူများကို ဖမ်းဆီးရမိခြင်း မရှိသဖြင့် မြို့ပေါ် လုံခြုံရေးနှင့် ပတ်သက်၍ ဝေဖန်ပြစ်တင်မှုများ မြင့်တက်နေလျက် ရှိသည်။

Journal Download

Photo of three cats