တာချီလိတ်တွင် ဖယောင်းတိုင်မီးမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် ဖယောင်းတိုင်မီးမှတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွား

.

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်းက ဖယောင်းတိုင်မီးမှတစ်ဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


.

ဖန်မင်ကျေးရွာအုပ်စု၊ ဟိုနားကျေးရွာနေ ဦးအားဆူ၏ နေအိမ်တွင် ယနေ့ စက်တင်ဘာလ ၈ ရက်၊ နံနက် ၆ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

.

မီးလောင်မှုနှင့် ပတ်သက်၍ နေအိမ်ပိုင်ရှင်အား တာချီလိတ်မြို့နယ်၊ ဟောင်လိတ်နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats