.
ကရင်အမျိုးသားအစည်းအရုံး
(KNU)၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊
လေးကေကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အရက်အလွန်အကျွံသောက်သုံးကာ
စက်တင်ဘာလ ၄ ရက်၊ ညပိုင်းတွင် ကျေးရွာအတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
.
.
စစ်ကောင်စီ၏ စကခ
(၈) လက်အောက်ခံ ခမရ (၄၁၀) တပ်ဖွဲ့ဝင်များမှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှု
ကြောင့် လူနေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
.
ပစ်ခတ်မှုအား
လေးကေစစ်ကောင်စီ စခန်းမှူး ဥာဏ်လင်းအောင် ဦးဆောင်ကာ သေနတ် ၅ လက်ဖြင့်
လူနေအိမ်များဆီသို့ ချိန်ရွယ်ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်နေစဥ်
ဆဲဆိုကြိမ်းမောင်းမှုများ ပြုလုပ်ကာ တစ်ရွာလုံးကို မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း
သိရသည်။
.
အဆိုပါ ပစ်ခတ်မှုကြောင့်
လူထိခိုက်မှု မရှိခဲ့သော်လည်း နေအိမ် ၃ လုံးတွင် အကာပျဉ်ချပ်များနှင့် အိမ်တွင်း ပစ္စည်းများ
ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
.
လေးကေကျေးရွာတွင် တပ်စွဲထားသော
စစ်ကောင်စီ၏ စကခ (၈)၊ ခမရ (၄၁၀) တပ်သည် လေးကေ၊ ဘူးကဘီးနှင့် မြစ်ကျိုးကျေးရွာများ၌
သစ်၊ ဝါးများအား အတင်းအဓမ္မတောင်းယူမှုများလည်း ရှိခဲ့သည်ဟု သိရသည်။
.