ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တိုက်ခိုက်ခဲ့သည့်အဖွဲ့မှာ ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု(USSFU) ဖြစ်ကြောင်း သိရသည်။
.
USSFU တပ်ဖွဲ့သည် စက်တင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကြောင်း ၄ ကြောင်းခွဲကာ ၅ ရင်း တစ်ဗျူဟာ ပုံစံဖြင့် တပြိုင်တည်း နောင်ထောဝ်ဒေသရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက် မနည်းကို သုတ်သင်နိုင်ခဲ့သည်ဟု USSFU က ထုတ်ပြန်သည်။
.
တိုက်ပွဲမှာ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး USSFU အနေဖြင့် ထိခိုက်မှု တစ်စုံတရာ မရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ဆိုသည်။
.
ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု (USSFU)တွင် (၁၀၀၅) တပ်ရင်း၊ (၁၀၀၉)တပ်ရင်း (Inle PDF တပ်ဖွဲ့)၊ (၁၀၀၈) တပ်ရင်း (SSRY)၊ ပအိုဝ်းအမျိူးသားကာကွယ်ရေးတပ်(PNDF) နှင့် NUG လက်အောက်ခံတပ်ရင်း ၁ ရင်း စသည့် တပ်ရင်းများ ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း သိရသည်။