စစ်ကောင်စီတပ်များ အပြင်းအထန် ထိုးစစ်ဆင်နေသည့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၌ ယနေ့ စက်တင်ဘာ ၁၃ ရက်တွင် ရွာပေါင်းစုံသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ၅၅၁ ရက်မြောက် အဖြစ် ဆက်လက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
သပိတ် စစ်ကြောင်းသည် ကုလအထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြန်လည်ခန့်အပ်ရေးအတွက်ကိုပါ တောင်းဆိုခဲ့ကြသည်။