​​​​‌စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် မြစ်ခြေ - ကျွန်းချောင်းနယ်တွင် ကျပ်သိန်းပေါင်း ၂၂၀၀ ကျော် ခန့် ဆုံးရှုံးခဲ့ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​​​‌စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် မြစ်ခြေ - ကျွန်းချောင်းနယ်တွင် ကျပ်သိန်းပေါင်း ၂၂၀၀ ကျော် ခန့် ဆုံးရှုံးခဲ့ရ

မကွေးတိုင်း၊ ပခုက္ကူခရိုင် မြစ်ခြေ- ကျွန်းချောင်းနယ်အတွင်း၌ စစ်ကောင်စီတပ်၏ စက်တင်ဘာလ ၁၄ ရက်မှ ၂၃ ရက်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၂၀၀ ကျော်ခန့် ဆုံးရှုံးခဲ့ရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။ 
.
စစ်ကောင်စီတပ်သည် တန်ဖိုးငွေ ကျပ်သိန်း ၁၇၇၀ ခန့်ရှိ နေအိမ် ၁၆ လုံးနှင့် မြစ်ဖျားရွာရှိ နေအိမ် ၄၃ လုံးကို လည်းကောင်း၊ တန်ဖိုးငွေ ကျပ်သိန်း ၅၀၀ ခန့် တန်ဖိုးရှိ သုံးဘီး ၁ စီး၊ ဆန်အိတ် ၇၀ နှင့် ကုန်ပစ္စည်းများ ပါဝင်သည့် ကား ၁ စီးကို လည်း‌ကောင်း မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC KC DF) က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ ပြည်သူလူထု၏ အိုးအိမ်များ ပျက်ဆီးမှုအပေါ် စိတ်မကောင်း ဖြစ်ရကြောင်းကိုလည်း MC KC DF က ဆိုသည်။

Journal Download

Photo of three cats