ပင်လောင်းမြို့နယ်မှ နည်းပညာတက္ကသိုလ် ကျောင်းသူ တစ်ဦး ပျောက်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်လောင်းမြို့နယ်မှ နည်းပညာတက္ကသိုလ် ကျောင်းသူ တစ်ဦး ပျောက်နေ

ပင်လောင်းမြို့နယ်မှ နည်းပညာတက္ကသိုလ် ကျောင်းသူ တစ်ဦး ပျောက်နေပြီး အဆက်အသွယ် မရသည်မှာ ရက်သတ္တပတ် တစ်ပတ်ကျော်ခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကျောင်းသူမှာ ပင်လောင်းမြို့နယ်နေ နန်းအိသန္တာ ဖြစ်ပြီး နည်းပညာတက္ကသိုလ် (အေးသာယာ) မြို့ပြအင်ယာ နောက်ဆုံးနှစ် ကျောင်းသူ ဖြစ်ကာ စက်တင်ဘာလ ၂ ရက်မှ စတင်၍ အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။
.
" စက်တင်ဘာလ ၂ ရက် နေ့မှာ ညီမတို့နဲ့ ဖုန်း ပြောရင်း ဆူညံသံတချို့ ကြားရပြီး။ အဆက်သွယ် ပြတ်သွားပါတယ်ရှင့်။ နောက်တကြိမ် ခေါ်တဲ့ အချိန်မှာ ယောက်ျားလေး အသံတွေ ကြားရပြီး အော်သံ၊ ဆဲသံ တချို့လည်း ကြားရပါတယ်။ အဲနေ့ကစ ဒီနေ့အထိ အဆက်သွယ် မရတော့လို့ပါ။" ဟု ၎င်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
.
မ‌န္တလေး - ရှမ်းပြည် လမ်း တစ်နေရာတွင် စစ်‌ကောင်စီ၏ ဖမ်းဆီးခံခြင်းကို ခံရခြင်း ဖြစ်သည်ဟု နန်းအိသန္တာနှင့် နီးစပ်သူများက သုံးသပ်ထားသည်။
.
" အဖမ်းခံရတယ်လို့ ထင်ပါတယ်။ မိန်းကလေးလည်းဖြစ်တာရယ်၊ သူ့ကျန်းမာရေး အခြေနေက အူ အတက်ရောင်နေတဲ့ အခြေနေမှာ ပါသွားတာမို့ စိတ်ပူလို့ပါ။ " ဟု ၎င်းက ရှင်းပြသည်။
.
နန်းအိသန္တာ ပျောက်ဆုံးနေခြင်းမှာ စစ်ကောင်စီ၏ ဖမ်းဆီးမှု ခံရခြင်းကြောင့် ဖြစ်သည်ဟု နီးစပ်သူများ၏ ပြောဆိုမှုအရ သိရသော်လည်း မည်သည့် နေရာတွင် ဖမ်းဆီး ချုပ်နှောင်ထားသည်ကိုမူ မသိရသေးပေ။

Journal Download

Photo of three cats