.
ကရင်နီ (ကယား) ပြည်နယ်တွင် စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပွားခဲ့သော
တိုက်ပွဲများ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
KNDF က ယနေ့ စက်တင်ဘာလ ၈ ရက် တွင် သတင်းထုတ်ပြန်ထားသည်။
.
.
စစ်ကောင်စီတပ်များသည် စက်တင်ဘာလ ပထမပအတ်အတွင်း ကရင်နီ (ကယား) ပြည်နယ်၊
ဒီးမော့ဆို၊ ဖရူဆို နှင့် ရှမ်းကယားနယ်စပ် ဖယ်ခုံမြို့နယ်များတွင် အင်အားဖြည့်တင်းလျက်ရှိပြီး
မိုးဗြဲတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက် ရှိကြောင်း သိရသည်။
.
စက်တင်ဘာလ ၃ ရက်၊ နံနက်အစောအပိုင်းက ဒီးမော့ဆိုမြို့နယ်ဖက်မှ
ဖရူဆိုမြို့နယ်ဖက်သို့ ရိက္ခာတင်လာသော စစ်ကောင်စီ ယာဥ်တန်း
ကား ၅ စီးကို KNDF/B15 မှ ဖရူဆိုမြို့နယ် ကဒါးလာကျေးရွာ
အနီးတွင် အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ရိက္ခာကားတစ်စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား
၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ထို့အတူ ယင်းနေ့ ညနေပိုင်းတွင်လည်း
ဖရူဆိုမြို့နယ်၊ ထီးသော်ကူး ကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ များအား KNDF/B15 မှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း
သိရသည်။
.
ဖရူဆိုမြို့နယ် ထီးပေါ်ဆို နှင့်
ဒေါညေးခူကျေးရွာတို့တွင် ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီတပ်များကို စက်တင်ဘာ ၄ ရက်နေ့
နေ့လယ်ပိုင်းက ကရင်နီတပ်မတော် (KA)၊ KNDF/B04၊ B05 B15 တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ
၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ဖရူဆိုမြို့ နယ်
ကဒါးလားကျေးရွာအနီးရှိ လက်ဝါးကပ်တိုင်တောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်များကို
KNDF/B15 မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း
သိရသည်။
.
ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်
ကျေးအရွာအနီး၌ စစ်ကြောင်းထိုးတပ်စွဲထားသာ စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)
နှင့် KNDF/B10 တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ
၁ ဦးသေဆုံးပြီး အများအပြားထိခိုက်ခဲ့ကာ လက်နက်ငယ် ၁ လက်နှင့်
ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
စက်တင်ဘာလ ၇ ရက်တွင် ဘောလခဲမြို့နှင့်
ရွာသစ်မြို့အကြား လမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ (၁၂) မိုင်ကုန်းစခန်း အနီး တွင်
ဝါးခုတ်ရန် ထွက်လာသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ KNDF/B21 တို့မှ အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီတပ်ဖွဲ့မှ ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦးပြင်းထန်ဒဏ်ရာရခဲ့ကာ လက်နက်ငယ် ၁
လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဖယ်ခုံမြို့နယ်အတွင်း ကုန်းဆုံကျေးရွာအုပ်စု
ထိုင်တော်မူဘုရားတောင်ပေါ်၌ စခန်းချထား သော စစ်ကောင်စီ တပ်များကို စက်တင်ဘာလ
၃ ရက်က ကရင်နီတပ်မတော် (KA)၊ KNDF/B03၊ BO9၊ B11 တို့မှ
ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဖက်မှ ၁
ဦးသေဆုံးခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
.