​​​​ဖရူဆို အနောက်ဘက်ခြမ်းမှ စစ်ရှောင်ပြည်သူများ ရိက္ခာ ပြတ်လပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​​​ဖရူဆို အနောက်ဘက်ခြမ်းမှ စစ်ရှောင်ပြည်သူများ ရိက္ခာ ပြတ်လပ်နေ


ကရင်နီ (ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှ စစ်ဘေးရှောင် ပြည်သူများ စားသောက်ရန်အတွက် ရိက္ခာ ပြတ်လပ်နေသည်ဟု သိရသည်။

.

ယင်းကဲ့သို့ ရိက္ခာ ပြတ်လပ်မှု ဖြစ်ပေါ်နေသည်မှာ ၂ လခန့် ကြာမြင့်ပြီ ဖြစ်ပြီး ‌စစ်ဘေးရှောင် ပြည်သူများမှာ စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

.

" အလှူရှင်များ မရှိတော့လို့ ရိက္ခာပြတ်လပ်မှု ဖြစ်ပေါ်တာ ၂ လခန့် ရှိပြီ ဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူများ များစွာ အခက်အခဲ ဖြစ်ပေါ်လျှက် ရှိပါတယ်။" ဟု ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီက ယနေ့ စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန် အသိပေးထားသည်။

.


ဖုန်းလိုင်း ဆက်သွယ်ရေး ပြတ်တောက်သွားသည်မှာ ကြာမြင့်ပြီ ဖြစ်ပြီး မိုးရာသီ သွားလာရေး လမ်း အခက်အခဲများ​ကြောင့် ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်လျက် ရှိကြောင်းနှင့် ရာသီတုပ်ကွေး ဖြစ်ပွားမှုကြောင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနေရာ အထူးသဖြင့် ကလေးငယ်များတွင် အဖြစ် များ‌နေကာ ဆေးဝါး မလုံလောက်ခြင်းမှာလည်း အဓိကအ ကြောင်းအရင်းတစ်ခု ဖြစ်၍ အရေးပေါ်ကူညီပေးကြရန် ယင်းကော်မတီက မေတ္တာရပ်ခံထားသည်။

.

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီ ကတဆင့် စစ်ဘေးရှောင် ပြည်သူများအား လှူဒါန်း ကူညီလိုပါက ဖုန်း 09440937061 သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

.

ဖရူဆိုမြို့နယ် အပါအဝင် ကရင်နီပြည်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေရာ ဒေသခံ ပြည်သူ အများအပြားသည် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရခြင်း ဖြစ်သည်။

Journal Download

Photo of three cats