BBC Media Action ၏ အလွတ်တန်းထုတ်လုပ်ရေးမှူး မထက်ထက်ခိုင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

BBC Media Action ၏ အလွတ်တန်းထုတ်လုပ်ရေးမှူး မထက်ထက်ခိုင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ

.
BBC Media Action ၏ အလွတ်တန်းထုတ်လုပ်ရေးမှူး မထက်ထက်ခိုင်ကို အာဏာသိမ်း စစ်ကောင်စီ တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အလုပ်နှင့်ထောင် ၃ နှစ် ကျခံစေရန် ယနေ့ စက်တင်ဘာလ ၁၅ ရက်တွင် ချမှတ်ခဲ့သည်ဟု သိရသည်။
.
ထို့အပြင် မထက်ထက်ခိုင်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် စွပ်စွဲ တရားစွဲဆိုထားရာ ယင်းအမှုကိုလည်း မကြာမီ အပြီးသတ် အမိန့်ချမှတ်ဖွယ် ရှိ‌ကြောင်း သိရသည်။
.
မထက်ထက်ခိုင်သည် ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ယာ၌ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ညပိုင်းတွင် သတင်းစာဆရာ ဦးစည်သူအောင်မြင့် နှင့်အတူ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံရခြင်း ဖြစ်သည်။
.
စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူပြီး‌နောက် သတင်းမီဒီယာသမား ၁၄၀ ဦးကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် ၉၀ ဦးဝန်းကျင် အကျဉ်းထောင်များအတွင်း ချုပ်နှောင်ခံနေရဆဲ ဖြစ်ကာ ဖမ်းဆီးခံရသည့် သတင်းသမားများအနက် ၄ ဦးမှာ သတ်ဖြတ်ခံခဲ့ရ‌ကြောင်း သိရသည်။ 

Journal Download

Photo of three cats