ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း “တပ်ကြပ် အောင်အောင်” ၏ ပြောဆိုမှု (ရုပ်သံ) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း “တပ်ကြပ် အောင်အောင်” ၏ ပြောဆိုမှု (ရုပ်သံ)



စစ်ကောင်စီတပ်မှ ၎င်းတို၏ တပ်ဖွဲ့ဝင်များ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန် ရဲဘော်ရဲဘက်စိတ် ကင်းမဲ့စွာဖြင့် စွန့်ပစ်ကာ သစ္စာဖောက်သော လုပ်ရပ်အပေါ် စစ်သုံ့ပန်း ဖြစ်သူ တပ်ကြပ် အောင်အောင်၏ ဖွင့်ဟပြောကြားချက်ကို ရက္ခိုင့်တပ်တော်(AA) က စက်တင်ဘာလ ၂၈ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့၊ ရက္ခိုင့်တပ်တော်သို့ နီးစပ်ရာမှတစ်ဆင့် လက်နက် (သို့မဟုတ်) လက်နက် မပါဘဲ ဝင်ရောက်လာကြသူများနှင့် ဖမ်းဆီးရမိထားသော စစ်ကောင်စီ တပ်ပြေးများမှာ ၁၅၀ ဦးကျော်အထိ ရှိခဲ့ပြီး ဖြစ်ရာ ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း၍ အချို့ကို ၎င်းတို့ သွားလိုသည့်နေရာသို့ အန္တရာယ်ကင်းစွာ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

.

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်၊ ည ၁၁ နာရီတွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် နာရီဝက်ကြာ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် မောင်တောမြို့နယ်အတွင်းရှိ လက်ပံတောင်ကြောပေါ် မှ AA ၏ အကျဉ်းထောင် ၂ ခုကို ထိမှန်ကာ ယင်း အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် အခြားသော အကျဉ်းသားအချို့ သေဆုံး၊ ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်းလည်း AA က ဆိုသည်။

.

အဆိုပါ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိခဲ့သော နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ကို လူသားချင်း စာနာထောက်ထားကာ ဆေးကုသပေးထားသော်လည်း ဆေးဝါးအခက်အခဲကြောင့် အချို့မှာ အသက် သေဆုံးသွားကြောင်းနှင့် ၎င်းတို့ အသက်ရှင်ရေးအတွက် သက်ဆိုင်ရာ မိခင်အဖွဲအစည်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များထံသို ပြင်းထန်လူနာများကို အမြန်ဆုံး လာယူရန် အသိပေး အကြောင်းကြားခဲ့ပြီး ဖြစ်သော်လည်း စစ်ကောင်စီတပ်သည် ၅ ရက်ကြာ လျစ်လျူရှုထားဆဲ ဖြစ်ကာ ထပ်မံသေဆုံးသူ ၁ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Link – https://youtu.be/ZHqBCqgH1Nk

Journal Download

Photo of three cats