စစ်ကောင်စီတပ် အင်အားဖြည့်နေ၍ ကုန်းလမ်း၊ ရေလမ်း ယာဉ်များကို စစ်ဆေးတော့မည်ဟု AA အရေးပေါ်ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ် အင်အားဖြည့်နေ၍ ကုန်းလမ်း၊ ရေလမ်း ယာဉ်များကို စစ်ဆေးတော့မည်ဟု AA အရေးပေါ်ကြေညာ

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်းရှိ ၎င်းတို့၏ တပ်စခန်းများသို့ စစ်အင်အား၊ လက်နက်ခဲယမ်းများကို စစ်သင်္ဘော၊ စစ်ကား၊ စစ်ရဟတ်ယာဉ် အပါအဝင် အရပ်ဖက်သုံးယာဉ်များကိုပါ သုံး၍ အင်အားဖြည့်တင်းလာသည်ကို တွေ့ရသည့်အတွက် ကုန်းလမ်း၊ ရေလမ်းယာဉ်များကို ရပ်တန့်ခိုင်း၍ စစ်ဆေးတော့မည်ဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် အရေးပေါ်ကြေညာချက် ထုတ်ပြန်သည်။
.
စစ်ကောင်စီသည် ၎င်းတို့တပ်စခန်းများ ဆုံးရှုံးထားသည့် နယ်မြေများ ဖြစ်သည့် ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ် ၄၀ စခန်း၊ ခမရ ၃၅၂ တပ်ရင်းစခန်းကုန်း၊ ပလက်ဒေသ အပါအဝင် ဒေသအချို့ကို လေယာဉ်၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်နေဆဲ ဖြစ်၍ တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သည့် အခြေအနေ ရှိ၍ ယင်းကဲ့သို့ ကန့်သတ် စစ်ဆေးရခြင်း ဖြစ်သည်ဟုလည်း AA က ဆိုသည်။
.
ကုန်းလမ်း၊ ရေလမ်း သယ်ယူပို့ဆောင်ရေးယာဉ်ပိုင်ရှင်များအနေဖြင့် ပြည်နယ်တွင်း ရက္ခိုင်ပြည်သူ့အစိုးရ၏ ဒေသဆိုင်ရာ နိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးရုံးနှင့် နယ်မြေရုံးများတွင် သတင်းပို့၍ သွားလာကြရန်နှင့် သတင်း မပို့ဘဲ သွားလာ၍ ပြဿနာ တစ်စုံတရာ ဖြစ်ပေါ်လာပါက သွားလာသူ၏ တာဝန်သာ ဖြစ်ကြောင်း ကြေညာချက်တွင် သတိပေးထားသည်။

Journal Download

Photo of three cats