.
ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊
မိုင်တိုင် (၄၀) အမီးရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ဩဂုတ်လ ၃၀ ရက်တွင် ရက္ခိုင်တပ်တော်
(AA)) မှ သိမ်းပိုက် ခဲ့ကြောင်း
သိရသည်။
.
.
စစ်ကောင်စီတပ်သည် ယင်းစခန်းအားပြန်လည်ရယူရန်
ကြိုးပမ်းလျက်ရှိပြီး စစ်အင်အားများတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊
လက်နက်ကြီးပစ်ကူများဖြင့် ယင်းစခန်းအနီးတဝိုက် အပြင် ပလက်ဝရှိ နေရာများကိုပါ
ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေကြောင်း သိရသည်။
.
စစ်ကောင်စီတပ်မှ
လူအင်အားတိုးချဲ့ကာ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများဖြင့်
အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိရာ ယမန်နေ့၊ စက်တင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းတွင် မောင်တောမြိုနယ်၊
လောင်းဒုံ(မြို)ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက်၊ ဂုတ်ပီကျော်လမ်း (ပဲရွမ်းတောင်)
ရှိ စစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း
စခန်းကုန်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စခန်းကုန်းအား အောင်မြင်စွာ
သိမ်းပိုက်ရရှိခဲ့ကြော်ငး သိရသည်။
.
တိုက်ပွဲအတွင်း
စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ
စစ်ကောင်စီတပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.