ရခိုင်ပြည်နယ်၊ ဘင်္ဂလားနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းကို AA ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၉ ဦး ကျဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရခိုင်ပြည်နယ်၊ ဘင်္ဂလားနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းကို AA ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၉ ဦး ကျဆုံး

.

ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်၊ မိုင်တိုင် (၄၀) အနီးရှိ စစ်ကောင်စီ၏ တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ ခဲ့ကြောင်း AA က ယမန်နေ့ ဩဂုတ်လ ၃၁ ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

.

.

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ဩဂုတ်လ ၃၁ ရက်၊ နံနက်ပိုင်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နံနက် ၉ နာရီခန့်တွင် အပြီးသပ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် AA ဘက်မှ စစ်သည်အချို့ ကျဆုံးခဲ့ရ ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်သည် နယ်စပ် မိုင်တိုင် (၃၇) မှ မိုင်တိုင် ၄) ပတ်ဝန်းကျင် ဝေလာတောင်တန်းပေါ်တွင် ပိတ်ဆို့မှု ပြုလုပ်ထားပြီး AA မှလည်း စစ်ကောင်စီစခန်းများကို ပြန်လည်ပိတ်ဆို့ ဖြတ်တောက်မှုများ ပြုလုပ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

စစ်ကောင်စီတပ်က ခမောင်းဆိပ်၊ မိုင်တိုင်အမှတ် ၃၄ ၊ ၃၈ ၊ နခခ ၇ ကြိမ်ချောင်း ဗျုဟာ၊ မိုင်တိုင်အမှတ် ၃၈ နှင့် ၃၉ ကြားနေရာများကို လက်နက်ကြီးများဖြင့် နေ့စဉ် အကြိမ် ၃၀၀ မှ ၄၀၀ ခန့် ပစ်ခတ်နေပြီး လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများလည်း ပြုလုပ်လျက်ရှိကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

စခန်းကို သိမ်းပိုက်ပြီးစီးချိန်တွင် အသက်မသေဘဲ ဒဏ်ရာရကျန်ရစ်သူ ဒုတပ်ကြပ်ကြီးတစ်ဦးသာ ကျန်ရှိပြီး ကျန် ၁၉ ဦးလုံး သေဆုံးနေသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။

.

 

Journal Download

Photo of three cats