ဖားကန့်မြို့နယ်အတွင်းရှိ အိုးအိမ်စွန့်ခွာထွက်ပြေးလာသူများကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးနိုင်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း UN OCHA ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖားကန့်မြို့နယ်အတွင်းရှိ အိုးအိမ်စွန့်ခွာထွက်ပြေးလာသူများကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးနိုင်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း UN OCHA ထုတ်ပြန်

.

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူများကို ဒေသခံမိတ်ဖက်အဖွဲ့အစည်းများမှ တစ်ဆင့် လိုအပ်သည့် အကူအညီများ စတင်ပေးနေပြီဖြစ်ပြီး UN OCHA အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ သွားရောက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ယနေ့ ဩဂုတ်လ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

.

.

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ သည့်အတွက် အရပ်သားထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုများ ဖြစ်ပေါ်နေကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်‌ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများ တပ်မတော် ပူးပေါင်းအဖွဲ့များ ဇူလိုင်လကုန်ပိုင်းမှ စတင်၍ တိုက်ပွဲများ ပြင်းထန်လာသည့်အတွက် စိုးရိမ်စရာ ဖြစ်ကြောင်း UN OCHA က ဆိုသည်။

.

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက် သေဆုံးမှုများအပြင် အနည်းဆုံး အိမ်ခြေ ၃၀၀ ခန့် မီးဘေးသင့်ခဲ့ပြီး အိမ်ထောင်စု ၅၀၀ ခန့် ထိခိုက်ခဲ့ကြောင်း သိရသည်။

.

ဆယ်ဇင်းကျေးရွာမှ ထွက်ပြေးလာသူလူဦးရေမှာ လက်ရှိအချိန်အထိ ၂၀၀၀ ကျော် ရှိနေပြီဖြစ်ပြီး တာမခံနှင့် ဟောင်ပါး ကျေးရွာများရှိ တိုက်ပွဲရှောင်စခန်း ၆ ခုတွင် အများဆုံး ရောက်ရှိနေကြောင်းနှင့် ဆယ်ဇင်းကျေးရွာတွင် ပိတ်မိနေသူများ လည်း ရှိသည့်အတွက် အိုးအိမ်စွန့်ခွာရသူ အရေအတွက်မှာ ယခုထက်များပြားနိုင်ကြောင်း သိရသည်။

.

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ ၁ ရက်၊ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှု များကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၀၃၀၀ ဦး အပါအဝင် လူဦးရေ ၁ ဒသမ ၂ သန်းကျော် (၁၂၄၉၆၀၀ ဦး) မှာ နေရပ်စွန့်ခွာ ထွက်ပြေး နေရဆဲဖြစ်ကြောင်း ဩဂုတ်လ ၈ ရက်အထိ ကုလသမဂ္ဂ၏ နောက်ဆုံးစာရင်းများအရ သိရသည်။

.

Journal Download

Photo of three cats