တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုနှင့် အရပ်သားသေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နေ ဟု UN OCHA ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုနှင့် အရပ်သားသေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နေ ဟု UN OCHA ထုတ်ပြန်

.

တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တင်းမာမှုများ မြင့်တက်လျက်ရှိရာ အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုနှင့် အရပ်သားသေဆုံးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပေါ် နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UN OCHA) က ယနေ့ ဩဂုတ်လ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

.

.

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း စစ်တပ်က ဝင်ရောက်စီးနင်းခြင်း၊ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေး ပိုမိုတင်းကြပ်ခြင်းနှင့် အရပ်သားများကို ဖမ်းဆီး ထောင်ချခြင်းများ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထိ့အတူ မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွးအကျန် ပေါက်ကွဲမှုအရေအတွက်မှာ မြင့်တက်လျက်ရှိပြီး စိုးရိမ်စရာ အခြေအနေဖြစ်ကြောင်း၊ UNICEF ၏ နောက်ဆုံးထုတ် အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလကုန်အထိ မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်သား စုစုပေါင်း ၆၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ရခိုင်ပြည်နယ်တစ်ဝှမ်း၊ အထူးသဖြင့် ရခိုင်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ၏ မူလနေထိုင်ရာ ကျေးလက် ဒေသများတွင် မိုင်းအန္တရာယ် အသိပညာပေး လှုပ်ရှားမှုများ တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

.

ကုလသမဂ္ဂ၏ ဩဂုတ်လ ၁ ရက်နေ့အထိ နောက်ဆုံးစာရင်းများအရ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရသူ လူဦးရေ ၁ ဒသမ ၂ သန်းခန့်ရှိကြောင်း သိရသည်။

.

သွားလာကူညီခွင့် တင်းကြပ်နေသည့်ကြားက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေသည့် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း လူဦးရေ ၃ သန်းကျော်အတွက် အရေးပေါ်နှင့် လူမှုဘဝ ကယ်ဆယ်ရေးအကူအညီများကို ပေးနိုင်ခဲ့ကြောင်း UN OCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

Journal Download

Photo of three cats