.
စစ်ကောင်စီ အာဏာသိမ်းပြီး
တစ်နှစ်ခွဲကျော် ကာလအတွင်း စစ်ဘေးဒုက္ခသည် ၈၆၆၄၀၀ ရှိလာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ
ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ယမန်နေ့ ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
.
ဓါတ်ပုံ - ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခု |
.
အဆိုပါ စစ်ဘေးဒုက္ခသည်
၈ သိန်းကျော်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ၄၇၀၀၀၀ ကျော်ဖြင့် အများဆုံး ပါဝင်နေပြီး
ကရင်ပြည်နယ်တွင် ၈၂၄၀၀ ကျော်၊ မကွေးတိုင်းတွင် ၇၉၂၀၀၊ ကရင်နီ (ကယား) ပြည်နယ်တွင်
၇၄၅၀၀ ဦး ပါဝင်ကာ ကျန် စစ်ဘေးဒုက္ခသည်များမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်
မြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့မှ ဖြစ်ကြောင်း
UN OCHA က ဖော်ပြထားသည်။
.
အာဏာမသိမ်းမီနှင့်
အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် စုစုပေါင်း ၁၂ သိန်းကျော်အတွက် အကူအညီများ လိုအပ်လျက်ရှိရာ
လက်ရှိတွင် ၁၃ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၁၀၆ သန်းဖိုးသာ ထောက်ပံ့ထားနိုင်သည်ဟု
သိရသည်။
.
ထို့အပြင် အာဏာသိမ်းပြီးနောက်
လူပေါင်း ၁ ဒသမ ၆ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး ငွေကြေးဖောင်းပွမှု ၁၈ ရာခိုင်နှုန်း
အထိ ရောက်ရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်ကို ကိုးကား၍ UN OCHA က ဖော်ပြထားသည်။
.
.