.
ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင်တပ်မတော်
(ULA/AA) ၏ စတုတ္ထအကြိမ်
သတင်းစာရှင်းလင်းပွဲကို လာမည့် ဩဂုတ်လ ၁၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ULA/AA
ပြောခွင့်ရ ဦးခိုင်သုခ က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
.
.
သတင်းစာရှင်းလင်းပွဲတွင်
သတင်းရယူလိုသော သတင်းထောက်များအနေဖြင့် (https://forms.gle/9FkNHENUvZ9R1sMp9)
မှတဆင့် စာရင်းသွင်းရမည်ဖြစ်ပြီး
စာရင်းသွင်းထားသော သတင်းထောက်များကိုသာ သတင်းယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
.
“ULA/AA ၏ စတုတ္ထအကြိမ်မြောက်
သတင်းစာရှင်းလင်းပွဲကို လာမည့် သြဂုတ်လ ၁၁ ရက်၊ ကြာသပတေးနေ့ နံနက် ၁၀:၀၀
နာရီအချိန်တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ သတင်းစာရှင်းလင်းပွဲကို
အရင်အကြိမ်များအတိုင်း ရက္ခိုင် ဘာသာစကားဖြင့် ပြောဆိုသွားမည်ဖြစ်ပါသည်” ဟု ဦးခိုင်သုခက
၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
.
စာရင်းသွင်းထားသော
သတင်းထောက်များအား သတင်းစာရှင်းလင်းပွဲအတွက် လိုအပ်သော အချက်အလက်များကို အီးမေးလ်မှတစ်ဆင့်
ပေးပို့သွားမည်ဖြစ်ပြီး သတင်းထောက်များအနေဖြင့် မေးမြန်းလိုသော မေးခွန်းများကို ဩဂုတ်လ
၉ ရက်နောက်ဆုံးထား၍ press.ula.aa@protonmail.com သို့ပေးပို့ရမည်ဖြစ်ကာ သတ်မှတ်ရက်ကျော်လွန်ပြီးမှ
ပေးပို့လာသော မေးခွန်းများကို လက်ခံဖြေကြားပေးမည်မဟုတ်ကြောင်း သိရသည်။
.
ထို့အပြင် သတင်းစာရှင်းလင်းပွဲတွင်
အခြားသတင်းထောက်များကို အချိန်ပေးနိုင်ရန်အတွက် သတင်းထောက်တစ်ဦး လျှင် မေးခွန်း ၂ ခုစီနှင့်
ထပ်ဆင့်မေးခွန်း ၁ ခုစီသာ မေးမြန်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.
ULA/AA ၏
ပထမအကြိမ်သတင်းစာရှင်းလင်းပွဲကို မတ် ၅ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်သတင်းစာ ရှင်းလင်းပွဲကို
ဧပြီလ ၅ ရက်တွင်လည်းကောင်း၊ တတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁၄ ရက်တွင် လည်းကောင်း
ပြုလုပ်ခဲ့ပြီး ယခုအခါ စတုတ္ထအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.